About us - VNET internet Mandalay

About us

မြန်မာနိုင်ငံအတွင်းက အင်တာနက်လိုင်းများဟာ တစ်နည်းနည်းနဲ့တော့ မကောင်းပဲဖြစ်နေတတ်ကြပါတယ်။ ဒါကိုကျွန်ုပ်တို့ကပြင်ဆင်ပေးလိုပါတယ်။

ကျွန်ုပ်တို့ဟာ အင်တာနက်လိုင်းများကို မြန်နှုန်းအကန့်အသတ်မရှိ၊ ဒေတာပမာဏအကန့်အသတ်မရှိပဲ ပိုပြီးသုံးစွဲရလွယ်ကူသောပုံစံများနဲ့ ပေးအပ်လိုပါတယ်။ ဒီလုပ်ဆောင်ချက်ကို ကျွန်ုပ်တို့ကတော့ အင်တာနက်အသွင်ပြောင်းမှုတစ်ရပ်လို့ခေါ်တွင်လိုပြီး ဒီလိုမျိုး ကျွန်ုပ်တို့က industry တစ်ခုလုံးကို စိန်ခေါ်ပြီး ပိုမိုကောင်းမွန်၊ ပိုမိုမြန်ဆန်ပြီး၊ ပို၍ဈေးသက်သာတဲ့အင်တာနက်လိုင်းများကို အနာဂါတ်တွင်ပေးအပ်နိုင်အောင် ပြောင်းလဲမှုတွေပြုလုပ်နေစဉ်မှာ သင့်ကိုလည်း ကျွန်ုပ်တို့နဲ့အတူလက်တွဲဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ 


ကုမ္ပဏီရဲ့ အနာဂါတ်အမြင်နဲ့ ရည်မှန်းချက် 

ကျွန်ုပ်တို့ကို နည်းလမ်းဟောင်းများကိုဆန့်ကျင်သူများလို့ခေါ်နိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ အိမ်တိုင်းနဲ့ လုပ်ငန်းတိုင်းဟာ မြန်ဆန်၊ ဈေးသက်သာပြီး တည်ငြိမ်တဲ့ internet access များကို ရသင့်တယ်လို့ ကျွန်ုပ်တို့ကယုံကြည်ထားပါတယ်။ ဒီလိုအင်တာနက်လိုင်းမျိုးကို ခြွင်းချက်မရှိ၊ အခက်အခဲမရှိ၊ မလိုလားအပ်တဲ့ပြဿနာတွေမရှိပဲ ရရှိနိုင်တဲ့အထိ ဆောင်ရွက်ပေးသွားဖို့ကို ရည်ရွယ်ထားပါတယ်။ 

 

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်နဲ့ အနာဂါတ်အမြင်ဟာ လုံးဝတိကျပြတ်သားပါတယ်။

ဒါကတော့ မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်းနဲ့ လုပ်ငန်းတိုင်းအတွက် လူတိုင်းတတ်နိုင်တဲ့ 20Mgbs Fiber Optic သို့မဟုတ် Wireless အင်တာနက်ကိုပေးအပ်နိုင်ဖို့ပါပဲ။

 

အင်တာနက်လိုင်းများဟာ ဘယ်လောက်ထိတောင် ကောင်းမွန်မှုတွေရှိလာသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ကျွန်ုပ်တို့နဲ့အတူ အခုပဲလက်တွဲလိုက်ပါ။  

 

သင့်အတွက်ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အရေးများ